ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 24:15-19 Common Language Bible (BCL)

15. အ​ရှေ့​အ​ရပ်​မှ​လူ​တို့​က​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ပင်​လယ်​ကမ်း​ခြေ တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။-

16. ငါ​တို့​သည်​သူ​တော်​ကောင်း​တ​ရား​ကျင့်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကမ္ဘာ​ရပ်​စွန်း ရပ်​ဖျား​များ​မှ​ချီး​ကူး​ကြ​သည့်​သီ​ချင်း သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​ငါ​သည်​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက် လုံး​ပါး​ပါး​၍​နေ​ပါ​သည်​တ​ကား။ သစ္စာ​မဲ့ သူ​တို့​သည်​ဆက်​လက်​၍​သစ္စာ​ဖောက်​လျက် ဆိုး​ရွား​သည်​ထက်​ဆိုး​ရွား​၍​လာ​ကြ​၏။-

17. အို ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့၊ ထိတ်​လန့်​ဖွယ်​ရာ ဘေး​ဥ​ပဒ်​များ၊ မြေ​တွင်း​များ​နှင့်​ကျော့​ကွင်း များ​သည်​သင်​တို့​အား​စောင့်​မျှော်​လျက်​နေ ကြ​၏။-

18. ထိတ်​လန့်​ဖွယ်​ရာ​ဘေး​ဥ​ပဒ်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့​ကျ လိမ့်​မည်။ မြေ​တွင်း​မှ​လွတ်​မြောက်​လာ​သူ​သည် ကျော့​ကွင်း​တွင်​မိ​လိမ့်​မည်။ ကောင်း​ကင်​မှ​မိုး ကြီး​သည်း​ထန်​စွာ​ရွာ​သွန်း​၍ ကမ္ဘာ​မြေ​ကြီး ၏​အုတ်​မြစ်​များ​သည်​တုန်​လှုပ်​လိမ့်​မည်။-

19. ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 24