ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 23:8-12 Common Language Bible (BCL)

8. ကမ္ဘာ​ပေါ်​တွင်​ဂုဏ်​အ​သ​ရေ​အ​ရှိ​ဆုံး​ဖြစ်​သူ မင်း​ညီ​မင်း​သား​ကုန်​သည်​များ​၏​ဧ​က​ရာဇ် နိုင်​ငံ၊ မြို့​တော်​တု​ရု​ကို​ဤ​သို့​ဖြစ်​ပျက်​စေ ရန်​ကြံ​စည်​တော်​မူ​သော​သူ​မှာ​အ​ဘယ်​သူ ဖြစ်​ပါ​သ​နည်း။-

9. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ် ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ထို​သူ​တို့ ၏​မာန်​မာ​န​ကို​ချိုး​တော်​မူ​လို​သ​ဖြင့်၊ သူ တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​တို့​အား​ရှုတ်​ချ တော်​မူ​လို​သ​ဖြင့်​ဤ​သို့​ကြံ​စည်​တော်​မူ ခြင်း​ဖြစ်​ပေ​သည်။

10. စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-

12. အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 23