ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 21:12-17 Common Language Bible (BCL)

12. ငါ​က​လည်း``မိုး​သောက်​ယံ​ရောက်​တော့​မည်၊ သို့​ရာ​တွင်​ညဥ့်​ယံ​ပြန်​လည်​ကျ​ရောက်​လာ လိမ့်​မည်။ သင်​ထပ်​မံ​မေး​မြန်း​လို​လျှင်​နောက် တစ်​ဖန်​လာ​၍​မေး​မြန်း​လော့'' ဟု​ဖြေ​ကြား လိုက်​၏။

13. ဤ​ဗျာ​ဒိတ်​တော်​ကား​အာ​ရပ်​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။သစ်​ပင်​မ​ပေါက်​သည့်​အာ​ရပ်​နယ်​မြေ​၌၊ ကုန် စည်​လှည်း​ရ​ထား​များ​ကို​စ​ခန်း​ချ​တတ် သည့်​အ​ချင်း​ဒေ​ဒန်​အ​မျိုး​သား​တို့၊-

14. သင်​တို့​ထံ​သို့​လာ​ရောက်​ကြ​သည့်​ရေ​ငတ် သူ​တို့​အား​ရေ​ကို​ပေး​ကြ​လော့။ အ​ချင်း တေ​မ​ပြည်​သူ​တို့၊ စစ်​ပြေး​ဒုက္ခ​သည်​တို့ အား​အ​စား​အ​စာ​များ​ကို​ပေး​ကြ​လော့။-

15. လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။

16. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``တစ်​နှစ် တိ​တိ​ကြာ​သော​အ​ခါ ကေ​ဒါ​လူ​မျိုး​စု​၏ ဘုန်း​အ​သ​ရေ​သည်​လုံး​ဝ​ကွယ်​ပျောက်​သွား လိမ့်​မည်။-

17. ထို​လူ​မျိုး​စု​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​ဖြစ် သော​လေး​သည်​တော်​တို့​သည်​လည်း အ​နည်း ငယ်​မျှ​သာ​လျှင်​ကျန်​ရှိ​ပေ​တော့​မည်။ ဤ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 21