ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 21:1-9 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​ဗာ​ဗု​လုန်​နှင့်​သက်​ဆိုင် သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။သဲ​က​န္တာ​ရ​ကို​ဖြတ်​ကျော်​၍​တိုက်​ခတ်​လာ သော​လေ​ဗွေ​ကဲ့​သို့ ဘေး​အန္တ​ရာယ်​ဆိုး​တစ်​ခု သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​တိုင်း​ပြည် တစ်​ပြည်​မှ​သက်​ရောက်​လာ​လိမ့်​မည်။-

2. ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။အို ဧ​လံ​တပ်​မ​တော်​သား​တို့၊ တိုက်​ခိုက်​ကြ လော့။ အို မေ​ဒိ​တပ်​မ​တော်​သား​တို့၊ မြို့​များ ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ပေး​သည့်​ဆင်း​ရဲ​ဒုက္ခ ကို​ချုပ်​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။

3. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-

4. ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။

5. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။

6. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-

7. အ​ကယ်​၍​နှစ်​ယောက်​တစ်​တွဲ​နှစ်​ယောက်​တစ်​တွဲ မြင်း​စီး​သူ​ရဲ​များ​လာ​သည်​ကို​လည်း​ကောင်း၊ မြည်း​များ​ကု​လား​အုတ်​များ​ကို​စီး​၍​လူ​တို့ လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် ထို​သူ တို့​အား​သတိ​ထား​၍​ကြည့်​ရန်​ကင်း​စောင့်​ကို မှာ​ကြား​ထား​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

8. ကင်း​စောင့်​က``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ဤ​မျှော်​စင် ပေါ်​တွင်​ရပ်​၍ နေ့​ရော​ည​ပါ​ကင်း​စောင့်​လျက် နေ​ပါ​၏'' ဟု​အော်​၍​ပြော​ကြား​စဉ်၊

9. မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 21