အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 20 Common Language Bible (BCL)

အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ပ​ရော​ဖက်

1. အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

2. လွန်​ခဲ့​သော​သုံး​နှစ်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား မိ​မိ​ဝတ်​ဆင် ထား​သည့်​လျှော်​တေ​အ​ဝတ်​နှင့်​ဖိ​နပ်​ကို​ချွတ် ပစ်​ရန်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဟေ​ရှာ​ယ သည်​အ​ဝတ်​မ​ဝတ်၊ ဖိ​နပ်​မ​စီး​ဘဲ​သွား​လာ လျက်​နေ​ခဲ့​၏။-

3. အာ​ဇုတ်​မြို့​ကျ​ဆုံး​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​က``ငါ​၏​အ​စေ​ခံ​ဟေ​ရှာ​ယ​သည် ဖိ​နပ်​မ​စီး​ဘဲ အ​ဝတ်​အ​ချည်း​စည်း​နှင့်​သုံး နှစ်​တိုင်​တိုင်​သွား​လာ​နေ​ခဲ့​သည်​မှာ အီ​ဂျစ် ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​ကြုံ​တွေ့​ရ​မည့် အ​ဖြစ်​အ​ပျက်​နိ​မိတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။-

4. အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-

5. ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-

6. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဖိ​လိတ္တိ​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်``ငါ တို့​အား​အာ​ရှု​ရိ​ဘု​ရင်​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ရန် ငါ​တို့​မှီ​ခို​အား​ကိုး​ခဲ့​သည့်​လူ​တို့​၏ ဖြစ်​အင်​ကို​ကြည့်​ကြ​လော့။ ငါ​တို့​သည်​အ​ဘယ် သို့​လျှင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ​ပါ မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။