ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 2:1-10 Common Language Bible (BCL)

1. အောက်​ပါ​ဗျာ​ဒိတ်​တော်​မှာ၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည် ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။

2. ဟေ​ရှာ​ယ​ကနောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည်တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။

3. သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကိုငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်းကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

4. ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။

5. ယာ​ကုပ်​၏​သား​မြေး​တို့၊ ယ​ခု​ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​လင်း ၌​ကျင်​လည်​ကြ​ကုန်​အံ့။

6. အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ယာ​ကုပ်​၏ သား​မြေး​များ​ဖြစ်​သည့်​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ​တို့​၏​ပြည် သည်​လည်း​အ​ရှေ့​နိုင်​ငံ​သား​များ၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​၏​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ပြည်​သူ တို့​သည်​နိုင်​ငံ​ခြား​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​လျှောက်​ကြ​ပါ​၏။-

7. သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-

8. သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။

9. သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။

10. ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 2