ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 19:6-24 Common Language Bible (BCL)

6. မြစ်​ဝ​ကျွန်း​ပေါ်​ဒေ​သ​ရှိ​ချောင်း​မြောင်း​များ သည်​လည်း တ​ဖြည်း​ဖြည်း​ခန်း​ခြောက်​ကာ​ပုပ် စော်​နံ​၍​လာ​လိမ့်​မည်။ ကူ​ပင်​ကိုင်း​ပင်​များ သည်​ခြောက်​သွေ့​သွား​ကြ​လိမ့်​မည်။-

7. နိုင်း​မြစ်​ကမ်း​ပေါ်​၌​စိုက်​ပျိုး​ထား​သည့်​သီး​နှံ ပင်​များ​သည်​လည်း ခြောက်​ကပ်​ပြီး​လျှင်​လေ တွင်​လွင့်​ပါ​သွား​ကြ​လိမ့်​မည်။-

8. နိုင်း​မြစ်​တွင်​ငါး​လုပ်​ငန်း​ဖြင့်​အ​သက်​မွေး​သူ အ​ပေါင်း​တို့​သည် ညည်း​ညူ​ငို​ကြွေး​ကြ​လိမ့်​မည်။ သူ​တို့​၏​ငါး​မျှား​ချိပ်​များ​နှင့်​ပိုက်​ကွန်​များ သည်​လည်း အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။-

9. ပိတ်​ချော​ချည်​ငင်​သူ​တို့​သည်​စိတ်​ပျက်​အား လျော့​ကြ​လျက်၊-

10. ရက်​ကန်း​သည်​များ​နှင့်​အ​တတ်​ပ​ညာ​ရှင် အ​လုပ်​သ​မား​များ​သည်​လက်​မှိုင်​ချ​လျက် နေ​ကြ​လိမ့်​မည်။

11. ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-

12. အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-

13. ဇော​န​မြို့​သား​များ​နှင့်​နော​ဗ​မြို့​သား​တို့​၏ ခေါင်း​ဆောင်​များ​သည် အ​သိ​ဉာဏ်​တုံး​သူ​များ သာ​တည်း။ သူ​တို့​အား​မိ​မိ​တို့​လူ​မျိုး​၏​ရှေ့ ဆောင်​လမ်း​ပြ​များ​ဟု​ယူ​ဆ​ရ​မည်​ဖြစ်​သော် လည်း သူ​တို့​က​လမ်း​မှား​ကို​ပြ​၍​ပေး​ကြ​၏။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-

15. ချမ်း​သာ​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ ကြီး မြတ်​သူ​ဖြစ်​စေ၊ ယုတ်​ညံ့​သူ​ဖြစ်​စေ၊ အ​ဘယ် သူ​မျှ​မိ​မိ​တို့​အီ​ဂျစ်​ပြည်​ကို​အ​ကူ အ​ညီ​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။

16. အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

17. အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။

18. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​မြို့​ကြီး​ငါး​မြို့​တွင်​ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​ကြ​လိမ့်​မည်။ ထို မြို့​များ​ရှိ​လူ​တို့​သည်​ကျိန်​ဆို​၍​ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြု​ကြ​လိမ့်​မည်။ ထို မြို့​တို့​အ​နက်​မှ​မြို့​တစ်​မြို့​သည်​နေ​မင်း​၏ မြို့​ဟု​နာ​မည်​တွင်​လိမ့်​မည်။

19. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-

20. ထို​အ​ရာ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ကြောင်း​သက်​သေ ခံ​အ​မှတ်​လက္ခ​ဏာ​များ​ဖြစ်​လိမ့်​မည်။ ပြည်​သူ​တို့ သည်​ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ကို​ခံ​ရ​၍ ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန်​ဟစ်​အော် ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား ကယ်​တင်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လိမ့်​မည်။-

21. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကို​အီ​ဂျစ်​အ​မျိုး သား​တို့​သိ​ရှိ​လာ​အောင်​ပြု​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​အား​သိ​မှတ် လာ​ကြ​လျက်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။ အ​ထံ​တော်​သို့​လည်း​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ များ​ကို​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည် ကိုယ်​တော်​၏​ရှေ့​တော်​၌​သစ္စာ​က​တိ​ထား​ပြီး လျှင်​ယင်း​သစ္စာ​က​တိ​အ​တိုင်း​ပြု​မူ​ကြ လိမ့်​မည်။-

22. ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့ အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်​သော်​လည်း သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပေ​အံ့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြောင်း​လဲ​လာ​သ​ဖြင့် သူ​တို့​တောင်း လျှောက်​သံ​ကို​နား​ထောင်​လျက် သူ​တို့​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​မည်။

23. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ​ပြည်​စပ်​ကြား​တွင် လမ်း​မ​ကြီး​တစ်​သွယ်​ဖောက်​လုပ်​ထား​လိမ့်​မည်။ ထို​ပြည်​များ​မှ​လူ​တို့​သည်​တစ်​ပြည်​နှင့်​တစ် ပြည်​အ​ပြန်​အ​လှန်​ကူး​သန်း​သွား​လာ​လျက် အ​တူ​တ​ကွ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ပြု ကြ​လိမ့်​မည်။-

24. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သည်​အီ​ဂျစ်​ပြည်၊ အာ​ရှု​ရိ ပြည်​နှင့်​ရင်​ဘောင်​တန်း​လျက်​နေ​လိမ့်​မည်။ ထို နိုင်​ငံ​သုံး​ခု​သည်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​အ​တွက် ကောင်း​ကျိုး​ချမ်း​သာ​ကို​ဖြစ်​ပွား​စေ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 19