ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 18:1-6 Common Language Bible (BCL)

1. ဆူ​ဒန်​မြစ်​များ​၏​အ​လွန်​တွင် တောင်​ပံ​ခတ် သံ​များ​ကို​ကြား​ရ​သည့်​တိုင်း​ပြည်​တစ် ပြည်​ရှိ​၏။-

2. ထို​ပြည်​မှ​သံ​တ​မန်​များ​သည်​ကူ​ရိုး​ဖြင့် ပြီး​သည့်​လှေ​များ​ဖြင့် နိုင်း​မြစ်​ကို​စုံ​ဆင်း လာ​ကြ​၏။ ``အ​ချင်း​ခြေ​လျင်​သံ​တ​မန်​တို့၊ ဌာ​နေ​သို့​ပြန်​ကြ​လော့။ နိုင်း​မြစ်​ဖျား​တွင် တည်​ရှိ​သည့်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့ ကြ​၍ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့်​ရုပ်​ရည် ချော​မော​မြင့်​မား​သည့်​သင်​တို့​ပြည်​သား များ​ထံ ဤ​သ​တင်း​စ​ကား​ကို​ယူ​ဆောင် သွား​ကြ​လော့။

3. ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ ကမ္ဘာ​မြေ​ပေါ်​တွင် နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ လော့။ တောင်​ထိပ်​ဖျား​တွင်​လွှင့်​ထူ​မည့်​အ​ချက် ပြ​အ​လံ​ကို​စောင့်​မျှော်​ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​နား​စွင့်​၍​နေ​ကြ လော့။-

4. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​သီး​အ​နှံ ရိတ်​သိမ်း​ချိန်​၏​ပူ​အိုက်​သည့်​ည​တို့​၌​ဆီး​နှင်း များ​သည်​ငြိမ်​သက်​စွာ​ကျ​လာ​သ​ကဲ့​သို့ လည်း​ကောင်း၊ အ​ပူ​ရှိန်​ပြင်း​သည့်​နေ့​၌​နေ သည်​ကြည်​လင်​ဆိတ်​ငြိမ်​စွာ​ထွန်း​လင်း​တောက် ပ​သ​ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ကောင်း​ကင် ဘုံ​မှ​ငြိမ်​သက်​စွာ​ငုံ့​၍​ကြည့်​တော်​မူ​မည်။-

5. စ​ပျစ်​သီး​များ​ကို​မ​စု​သိမ်း​မီ၊ အ​ပွင့်​များ ကြွေ​၍​အ​သီး​များ​မှည့်​လာ​ချိန်​၌​သူ​သည် ဋ္ဌား​ဖြင့် စ​ပျစ်​ခက်​များ​ကို​အ​လွယ်​တ​ကူ လှီး​ဖြတ်​သ​ကဲ့​သို့​ဆူ​ဒန်​အ​မျိုး​သား​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ကြ​လိမ့်​မည်။-

6. သူ​တို့​၏​အ​လောင်း​များ​သည်​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​များ​အ​တွက်​ကျန်​ရှိ​နေ လိမ့်​မည်။ နွေ​အ​ခါ​ငှက်​တို့​နှင့်​ဆောင်း​အ​ခါ သား​ရဲ​တို့​သည် ထို​လူ​သေ​ကောင်​တို့​ကို​စား ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 18