ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 15:1-3 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-

2. ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-

3. လမ်း​များ​ပေါ်​ရှိ​လူ​တို့​သည်​လျှော်​တေ​ကို ဝတ်​ထား​ကြ​၏။ မြေ​ကွက်​လပ်​များ​နှင့်​အိမ် ခေါင်​မိုး​များ​အ​ပေါ်​၌​လည်း​ဝမ်း​နည်း ကြေ​ကွဲ​မှု​ကို​ပြ​၍​ငို​ကြွေး​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 15