ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:5-6-15 Common Language Bible (BCL)

5-6. ပြည်​သူ​တို့​အား​အ​မျက်​ဒေါ​သ​နှင့်​ဖိ​နှိပ်​ချုပ် ချယ်​ကာ၊ မိ​မိ​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး တို့​အား​လည်း အ​ဆက်​မ​ပြတ်​ညှင်း​ဆဲ​နှိပ် စက်​တတ်​သူ​မင်း​ဆိုး​မင်း​ညစ်​များ​၏​တန်​ခိုး အာ​ဏာ​ကို​ထာ​ဝ​ရ​ဘု​ရား​ပျက်​သုဉ်း​စေ တော်​မူ​ပြီ။-

7. ဤ​အ​ခါ​ကျ​မှ​ကမ္ဘာ​တစ်​ခု​လုံး​သည် ငြိမ် သက်​အေး​ချမ်း​လျက်​လူ​အ​ပေါင်း​တို့​သည် လည်း​ရွှင်​ပြ​စွာ​သီ​ချင်း​ဆို​ရကြ​၏။-

8. လေ​ဗ​နုန်​တော​မှ​ထင်း​ရှူး​ပင်​များ​နှင့်​အာ​ရစ် ပင်​(သစ်​က​တိုး) တို့​က​သင်​ကျ​ဆုံး​ပြီ​ဖြစ် ၍​ငါ​တို့​အား​ခုတ်​လှဲ​မည့်​သူ​မ​ရှိ​တော့​ဟု ဆို​၍​ဗာ​ဗု​လုန်​ဘု​ရင်​ကျ​ဆုံး​မှု​အ​တွက် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။

9. ``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-

10. သူ​တို့​အား​လုံး​က​ဗာ​ဗု​လုန်​ဘု​ရင်​အား`သင် သည်​ယ​ခု​အ​ခါ၊ ငါ​တို့​ကဲ့​သို့​ချည့်​နဲ့​လျက်​နေ ပါ​ပြီ​တ​ကား၊ ငါ​တို့​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​လေ​ပြီ​တ​ကား။-

11. အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။''

12. အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-

13. သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။-

14. ``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။-

15. သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14