ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:30-32 Common Language Bible (BCL)

30. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ထဲ​မှ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​ကို သိုး​ထိန်း​သ​ဖွယ် စောင့်​ရှောက်​တော်​မူ​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​စေ တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​မူ​ကား ကြောက်​မက်​ဖွယ်​ရာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန် ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။

31. အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။

32. ဖိ​လိ​တ္တိ​ပြည်​မှ​ရောက်​ရှိ​လာ​သော​သံ​တ​မန် တို့​အား ငါ​တို့​အ​ဘယ်​သို့​ပြန်​ကြား​ရ​ပါ မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့ ကို​တည်​တော်​မူ​ပြီ​ဖြစ်​၍ ထို​မြို့​တွင်​ကိုယ် တော်​၏​ဒုက္ခ​သည်​လူ​စု​သည်​ဘေး​မဲ့​လုံ​ခြုံ မှု​ကို​ရ​ရှိ​ကြ​တော့​မည်​ဖြစ်​ကြောင်း သူ​တို့ အား​ငါ​တို့​ပြော​ကြား​ကြ​ကုန်​အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14