ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:21-27 Common Language Bible (BCL)

21. ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြောင့်​သား​တို့​အား ကွပ် မျက်​မှု​ကို​အ​စ​ပြု​ကြ​စေ။ ဤ​ဘု​ရင်​၏​သား မြေး​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ကမ္ဘာ​မြေ​ပေါ် တွင်​အုပ်​စိုး​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။

22. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​၍​ပျက်​စီး​ယို​ယွင်း စေ​မည်။ ထို​မြို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဖျက်​ဆီး​ပစ်​မည်။ က​လေး​သူ​ငယ်​များ​ပင်​လျှင် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။-

23. ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

24. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-

25. ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-

26. ဤ​ကား​ကမ္ဘာ​လော​က​အ​တွက်​ငါ​၏​အ​ကြံ အ​စည်​တော်​ပင်​ဖြစ်​၍၊ ငါ​သည်​လူ​မျိုး​တ​ကာ တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​လက်​တော်​ကို​ချိန် ရွယ်​လျက်​ထား​သ​တည်း'' ဟု​မိန့်​ကြား​တော် မူ​၏။-

27. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​တိုင်း​ပြု​တော်​မူ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း အ​ပြစ်​ဒဏ် ခတ်​ရန်​လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ ဆီး​တား​နိုင်​လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14