ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:17-21 Common Language Bible (BCL)

17. မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။

18. ကမ္ဘာ​မြေ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် မိ​မိ တို့​၏​လှ​ပ​သော​သင်္ချိုင်း​များ​တွင်​လဲ​လျောင်း လျက်​ရှိ​ကြ​၏။-

19. သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-

20. သင်​သည်​မိ​မိ​၏​တိုင်း​ပြည်​ကို​ပျက်​ပြုန်း​စေ​၍ ကိုယ့်​ပြည်​သူ​တို့​ကို​သတ်​ဖြတ်​ပစ်​သည်​ဖြစ်​၍ အ​ခြား​ဘု​ရင်​များ​ကဲ့​သို့​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ဆိုး​ညစ်​သော အ​မျိုး​အ​နွယ်​ဝင်​တို့​သည်​လည်း တစ်​ဦး​တစ် ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့် မည်​မ​ဟုတ်။-

21. ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြောင့်​သား​တို့​အား ကွပ် မျက်​မှု​ကို​အ​စ​ပြု​ကြ​စေ။ ဤ​ဘု​ရင်​၏​သား မြေး​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ကမ္ဘာ​မြေ​ပေါ် တွင်​အုပ်​စိုး​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14