ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:1-3 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဖန်​က​ရု​ဏာ​သက် တော်​မူ​ပြန်​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​များ​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​၌​ပြန်​လည်​နေ ထိုင်​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ လူ​မျိုး​ခြား​များ သည်​သူ​တို့​နှင့်​အ​တူ​လာ​ရောက်​နေ​ထိုင် ကြ​လိမ့်​မည်။-

2. လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။

3. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​မိ​တို့​ခံ​စား​ရ​သော​ဝေ​ဒ​နာ နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​မှ​လည်း​ကောင်း၊ အ​လုပ် ကြမ်း​လုပ်​ကိုင်​ရ​မှု​မှ​လည်း​ကောင်း​သက် သာ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14