ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 13:7-11 Common Language Bible (BCL)

7. လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။-

8. သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။-

9. သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။-

10. ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 13