ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 13:12-18 Common Language Bible (BCL)

12. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။-

13. အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။

14. မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-

15. သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။-

16. သူ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ငေး​လျက်​ကြည့်​နေ စဉ် သူ​တို့​၏​နို့​စို့​က​လေး​များ​သည်​ဆောင့်​ဖွပ် ၍ အ​သတ်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​၏​အိမ်​များ မှာ​အ​လု​အ​ယက်​ခံ​ရ​၍ သူ​တို့​၏​ဇနီး​များ သည်​မု​ဒိန်း​အ​ကျင့်​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

17. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။-

18. မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 13