ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 13:11-22 Common Language Bible (BCL)

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

12. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။-

13. အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။

14. မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-

15. သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။-

16. သူ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ငေး​လျက်​ကြည့်​နေ စဉ် သူ​တို့​၏​နို့​စို့​က​လေး​များ​သည်​ဆောင့်​ဖွပ် ၍ အ​သတ်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​၏​အိမ်​များ မှာ​အ​လု​အ​ယက်​ခံ​ရ​၍ သူ​တို့​၏​ဇနီး​များ သည်​မု​ဒိန်း​အ​ကျင့်​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

17. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။-

18. မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

19. ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။-

20. ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-

21. ထို​အ​ရပ်​သည်​တော​တိ​ရစ္ဆာန်​များ​ကျက်​စား​ရာ နေ​ရာ၊ ဇီး​ကွက်​များ​အ​သိုက်​လုပ်​ရာ​ဖြစ်​လိမ့်​မည်။ ယင်း​အ​ရပ်​တွင်​ငှက်​ကု​လား​အုတ်​များ​နေ​၍ တော ဆိတ်​များ​သည်​လည်း အ​ဆောက်​အ​ဦး​ပျက်​များ ၏​အ​ကြို​အ​ကြား​တွင်​ခုန်​ပေါက်​မြူး​တူး​ကြ လိမ့်​မည်။-

22. မျှော်​စင်​များ​နှင့်​နန်း​တော်​အ​ဆောက်​အ​ဦး များ​သည်​တော​ခွေး​နှင့်​ခွေး​အ​များ​ဟောင်​ကြ သည့်​အ​သံ​ဖြင့် ပဲ့​တင်​ထပ်​လျက်​နေ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​သင့်​မည့်​နေ့​ရက်​ကာ လ​ရောက်​ရှိ​လာ​လေ​ပြီ။ ထို​မြို့​တည်​ရှိ​မည့် နေ့​ရက်​ကာ​လ​သည်​လည်း​ဆုံး​ခန်း​တိုင် ရောက်​လု​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 13