ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 13:1-5 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။

2. တောင်​က​တုံး​ပေါ်​တွင်​စစ်​အ​လံ​ကို​လွှင့် ထူ​ကြ​လော့။ မာန်​မာ​န​ထောင်​လွှား​သည့်​မြို့ တော်​တံ​ခါး​တို့​ကို​တိုက်​ခိုက်​ရန်​ဟစ်​အော် ကာ သင်​တို့​လက်​ကို​မြှောက်​၍ စစ်​သည်​တို့ အား​အ​ချက်​ပေး​ကြ​လော့။-

3. ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မျက်​တော်​ရှ သော​သူ​တို့​ကို​ဒဏ်​ခတ်​ရန်​အ​တွက် မိ​မိ​၏ ယုံ​ကြည်​စိတ်​ချ​ဂုဏ်​ယူ​ဝါ​ကြွား​ထိုက်​သော စစ်​သည်​တော်​တို့​ကို​ခေါ်​ယူ​တော်​မူ​ပြီ။

4. တောင်​ပေါ်​ရှိ​လူ​အုပ်​ကြီး​၏​အ​သံ​ကို​နား ထောင်​ကြ​လော့။ ထို​အ​သံ​သည်​လူ​မျိုး​တ​ကာ တို့​စု​ရုံး​နေ​ကြ​သော​အ​သံ​ဖြစ်​၏။ ဗိုလ်​ခြေ တို့​၏​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​စစ် သည်​တော်​တို့​ကို​တိုက်​ပွဲ​ဝင်​စေ​ရန်​အ​တွက် အ​သင့်​ပြင်​ဆင်​လျက်​နေ​တော်​မူ​၏။-

5. သူ​တို့​သည်​ကမ္ဘာ​အ​စွန်​အ​ဖျား​ရှိ​ရပ်​ဝေး နိုင်​ငံ​များ​မှ လာ​ရောက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် လက်​နက်​ဖြင့် နိုင်​ငံ​တစ်​ခု​လုံး​ကို​သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​ကြွ​လာ​တော်​မူ​ပေ​အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 13