ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 13:1-10 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။

2. တောင်​က​တုံး​ပေါ်​တွင်​စစ်​အ​လံ​ကို​လွှင့် ထူ​ကြ​လော့။ မာန်​မာ​န​ထောင်​လွှား​သည့်​မြို့ တော်​တံ​ခါး​တို့​ကို​တိုက်​ခိုက်​ရန်​ဟစ်​အော် ကာ သင်​တို့​လက်​ကို​မြှောက်​၍ စစ်​သည်​တို့ အား​အ​ချက်​ပေး​ကြ​လော့။-

3. ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မျက်​တော်​ရှ သော​သူ​တို့​ကို​ဒဏ်​ခတ်​ရန်​အ​တွက် မိ​မိ​၏ ယုံ​ကြည်​စိတ်​ချ​ဂုဏ်​ယူ​ဝါ​ကြွား​ထိုက်​သော စစ်​သည်​တော်​တို့​ကို​ခေါ်​ယူ​တော်​မူ​ပြီ။

4. တောင်​ပေါ်​ရှိ​လူ​အုပ်​ကြီး​၏​အ​သံ​ကို​နား ထောင်​ကြ​လော့။ ထို​အ​သံ​သည်​လူ​မျိုး​တ​ကာ တို့​စု​ရုံး​နေ​ကြ​သော​အ​သံ​ဖြစ်​၏။ ဗိုလ်​ခြေ တို့​၏​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​စစ် သည်​တော်​တို့​ကို​တိုက်​ပွဲ​ဝင်​စေ​ရန်​အ​တွက် အ​သင့်​ပြင်​ဆင်​လျက်​နေ​တော်​မူ​၏။-

5. သူ​တို့​သည်​ကမ္ဘာ​အ​စွန်​အ​ဖျား​ရှိ​ရပ်​ဝေး နိုင်​ငံ​များ​မှ လာ​ရောက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် လက်​နက်​ဖြင့် နိုင်​ငံ​တစ်​ခု​လုံး​ကို​သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​ကြွ​လာ​တော်​မူ​ပေ​အံ့။

6. အ​နန္တ​တန်​ခိုး​ရှင်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ တည်း​ဟူ​သော ထာ​ဝရ​ဘု​ရား​တ​ရား​စီ​ရင် တော်​မူ​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ ရ​ဦး​မည်။ ဝေ​ဒ​နာ​ခံ​စား​လျက်​ငို​ကြွေး မြည်​တမ်း​ကြ​လော့။-

7. လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။-

8. သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။-

9. သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။-

10. ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 13