ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 12:1-5 Common Language Bible (BCL)

1. ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟုလူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

2. ``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကိုပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

3. ရေ​ကောင်း​ရေ​သန့်​သည်​ရေ​ငတ်​သူ​တို့​အား ရွှင်​ပြ​စေ​သ​ကဲ့​သို့ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်၊ကိုယ်​တော်​ကယ်​တင်​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​လိမ့်​မည်။

4. ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​တောင်း​လျှောက်​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို သူ​တို့​အား​ပြော​ကြား​ကြ​လော့'' ဟုလူ​တို့​သီ​ဆို​ကူး​ဧ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။

5. ``ကိုယ်​တော်​ပြု​တော်​မူ​သော​ကြီး​မြတ်​သည့် အ​မှု​တော်​တို့​အ​တွက်ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား ထို​သ​တင်း​ကို​ကြေ​ညာ​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 12