ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 11:10-16 Common Language Bible (BCL)

10. ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-

11. ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-

12. မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-

13. ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်၊ ယု​ဒ​ပြည်​သူ တို့​အ​ပေါ်​တွင်​ငြူ​စူ​စိတ်​ရှိ​ကြ​တော့​မည် မ​ဟုတ်။ ယု​ဒ​ပြည်​သူ​တို့​သည်​လည်း​ဣ​သ​ရေ လ​ပြည်​သူ​တို့​၏​ရန်​ဘက်​ဖြစ်​ကြ​တော့​မည် မ​ဟုတ်။-

14. ထို​ပြည်​သူ​နှစ်​ရပ်​တို့​သည်​ပူး​ပေါင်း​၍ အ​နောက်​ဘက်​ရှိ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တိုက်​ခိုက်​၍ အ​ရှေ့​ပြည်​တွင်​နေ​ထိုင် ကြ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ဧ​ဒုံ​အ​မျိုး​သား​များ နှင့်​မော​ဘ​အ​မျိုး​သား​တို့​ကို​အ​နိုင်​ရ​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​လည်း​မိ​မိ​တို့ ၏​သြ​ဇာ​ခံ​ဖြစ်​စေ​ကြ​လိမ့်​မည်။-

15. ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-

16. အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​စဉ်​အ​ခါ​က​ကဲ့​သို့​ပင် အာ​ရှု​ရိ ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သူ​ကိုယ်​တော်​၏​လူ မျိုး​တော်​ထွက်​ခွာ​ရန်​အ​တွက်​လမ်း​မ​ကြီး တ​သွယ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 11