ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 11:1-4 Common Language Bible (BCL)

1. ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။

2. သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​အုပ်​စိုး​ရန် ဉာဏ်​ပ​ညာ၊အ​သိ​ပ​ညာ​နှင့်၊ စွမ်း​ရည်​ကိုထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​ရ​လိမ့်​မည်။သူ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​လိမ့်​မည်။

3. ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​မှု​၌​လည်း မွေ့​လျော်​ပျော်​ပိုက်​လိမ့်​မည်။သူ​သည်​မျက်​စိ​နှင့်​မြင်​ယုံ​သို့​မ​ဟုတ်တစ်​ဆင့်​စ​ကား​နှင့်​ကြား​ယုံ​ဖြင့်​အ​ဆုံး အ​ဖြတ် ပေး​လိမ့်​မည်​မ​ဟုတ်။

4. ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 11