ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 10:29-34 Common Language Bible (BCL)

29. သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-

30. အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-

31. မာ​ဒ​မေ​န​မြို့​သူ​မြို့​သား​နှင့်​ဂေ​ဗိမ်​မြို့​သူ မြို့​သား​တို့​သည် မိ​မိ​တို့​အ​သက်​ဘေး​မှ လွတ်​မြောက်​ရန်​ထွက်​ပြေး​ကြ​လေ​ပြီ။-

32. ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။

33. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သစ် ပင်​မှ​ခုတ်​ဖြတ်​ချ​လိုက်​သည့်​သစ်​ကိုင်း​များ သ​ဖွယ် သူ​တို့​အား​ပြို​လဲ​ပျက်​စီး​စေ​တော်​မူ လိမ့်​မည်။ သူ​တို့​တွင်​မာန်​မာ​န​ထောင်​လွှား​ဆုံး၊ အ​ကြီး​မြတ်​ဆုံး​သော​သူ​တို့​ကို​ခုတ်​လှဲ ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-

34. တော​နက်​အ​တွင်း​မှ​သစ်​ပင်​တို့​သည်​ပု​ဆိန် ဒဏ်​ဖြင့်​လဲ​ကျ​ရ​သ​ကဲ့​သို့၊ လေ​ဗ​နုန်​တော မှ​အ​ဖိုး​အ​တန်​ဆုံး​သော​သစ်​ပင်​များ​လဲ ကျ​ကြ​သ​ကဲ့​သို့​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​သည်​ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 10