ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 10:14-31 Common Language Bible (BCL)

14. ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။

15. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

16. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု အ​ခါ​ဝ​လင်​စွာ​စား​ရ​ကြ​သူ​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် အ​နာ​ရော​ဂါ​ကပ်​ရောက်​စေ​တော် မူ​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွင်း​ပိုင်း သည်​မီး​ကဲ့​သို့​အ​ဆက်​မ​ပြတ်​ပူ​လောင်​၍ နေ​လိမ့်​မည်။-

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​လင်း​ဖြစ် တော်​မူ​၍ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ဆူး​ပင်​အ​မျိုး​မျိုး​ပါ​မ​ကျန် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တစ်​နေ့​ချင်း​၌ ကျွမ်း​လောင်​စေ​တတ်​သော​မီး​ကဲ့​သို့​ဖြစ် လိမ့်​မည်။-

18. သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​ကြောင့်​လူ သည်​ဆုံး​ပါး​ပျက်​စီး​သွား​ရ​သည်​နည်း​တူ စိမ်း​လန်း​စို​ပြေ​သော​သစ်​တော​များ​နှင့်​လယ် ယာ​များ​သည်​လုံး​ဝ​ပျက်​ပြုန်း​၍​သွား​ရ ကြ​လိမ့်​မည်။-

19. သစ်​ပင်​များ​အ​နည်း​ငယ်​မျှ​သာ​ကျန်​ရှိ တော့​မည်​ဖြစ်​၍ ယင်း​တို့​ကို​က​လေး​သူ​ငယ် ပင်​လျှင်​ရေ​တွက်​၍​ကြည့်​နိုင်​လိမ့်​မည်။

20. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-

21. ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-

22. ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-

23. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း တစ်​ပြည်​လုံး​ကို အ​မှန်​ပင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ လိမ့်​မည်။

24. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန် မြို့​တွင်​နေ​ထိုင်​ကြ​သူ မိ​မိ​တို့​၏​လူ​မျိုး​တော် အား``အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​နည်း​တူ သင်​တို့​အား​ဖိ​နှိပ် ကြ​သော်​လည်း သင်​တို့​သည်​သူ​တို့​ကို​မ ကြောက်​ကြ​နှင့်။-

25. သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ပြီး​နောက် မ​ကြာ​မီ​ပင်​ငါ​သည်​သူ​တို့​အား​သုတ် သင်​ပယ်​ရှင်း​မည်။-

26. အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘုရား​သည် သြ​ရ​ဘ​ကျောက်​အ​နီး​တွင် မိ​ဒျန်​အ​မျိုး​သား တို့​အား​ငါ​၏​နှင်​တံ​နှင့်​ရိုက်​ဆုံး​မ​ခဲ့​သည် နည်း​တူ​သူ​တို့​ကို​လည်း​ရိုက်​ဆုံး​မ​မည်။ ငါ သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ​တို့​ကို လည်း​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​မည်။-

27. ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

28. ရန်​သူ​များ​သည်​အာ​ရပ်​မြို့​သို့​ရောက်​ရှိ​နေ ကြ​၏။ သူ​တို့​သည်​မိ​ဂ​ရုန်​မြို့​ကို​ဖြတ်​သန်း ၍​လာ​ခဲ့​ကြ​၏။ မိ​မိ​တို့​၏​စား​နပ်​ရိက္ခာ​များ ကို​မိတ်​မတ်​မြို့​တွင်​ထား​ခဲ့​ကြ​လေ​သည်။-

29. သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-

30. အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-

31. မာ​ဒ​မေ​န​မြို့​သူ​မြို့​သား​နှင့်​ဂေ​ဗိမ်​မြို့​သူ မြို့​သား​တို့​သည် မိ​မိ​တို့​အ​သက်​ဘေး​မှ လွတ်​မြောက်​ရန်​ထွက်​ပြေး​ကြ​လေ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 10