ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 1:13-21 Common Language Bible (BCL)

13. သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-

14. သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ​နှင့်​မြင့်​မြတ်​သန့်​ရှင်း​သော​နေ့​များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​သ​ဘင်​များ​သည်​ငါ​မ​ထမ်း​လို​တော့​သည့်​ဝန်​ထုပ်​ဖြစ်​ပေ​သည်။

15. ``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

16. သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊-

17. သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

18. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-

19. အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-

20. သို့​ရာ​တွင်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း​ဆန်​၍ ငါ့​အား​အာ​ခံ​ကြ​မည်​ဆို​လျှင်​မူ​ကား သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

21. အ​ခါ​တစ်​ပါး​က​သစ္စာ​ရှိ​ခဲ့​သော​မြို့​သည် ယ​ခု​အ​ခါ​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင်​လျက်​နေ​ပါ​သည်​တ​ကား၊ အ​ခါ​တစ်​ပါး​က​ထို​မြို့​တွင်​သူ​တော်​ကောင်း​များ​နေ​ထိုင်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​သူ​သတ်​သ​မား​များ​သာ​လျှင်​ကျန်​ရှိ​နေ​တော့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 1