6. ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။
7. ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
8. ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
9. သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
10. ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
11. ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။-
12. အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
13. အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။-
14. ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။
15. ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-