ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 9:10-17 Common Language Bible (BCL)

10. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-

11. ဣ​သ​ရေ​လ​တို့​၏​ဘုန်း​တန်​ခိုး​သည်​ငှက် ပျံ​သ​ကဲ့​သို့​ကွယ်​ပျောက်​သွား​လိမ့်​မည်။ သူ တို့​တွင်​သ​မီး​များ​မ​ထွန်း​ကား​ရ။ ကိုယ် ဝန်​ဆောင်​သော​မိန်း​မ မ​ရှိ​ရ။ သန္ဓေ​တည် ခြင်း​မ​ရှိ​စေ​ရ။-

12. အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

13. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​သား သ​မီး​များ​အား​ရန်​သူ​များ​လိုက်​လံ​၍ သတ်​ဖြတ်​နေ​သည်​ကို​အ​ကျွန်ုပ်​မြင် ယောင်​ပါ​၏။-

14. ဤ​သူ​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ထံ​အ​ကျွန်ုပ် မည်​သည့်​အ​ရာ​ကို​တောင်း​လျှောက်​ရ​ပါ​မည် နည်း။ သူ​တို့​၏​အ​မျိုး​သ​မီး​များ​ကို​မြုံ​စေ ၍​သူ​တို့​က​လေး​ငယ်​များ​ကို​ပြု​စု​ခွင့် မ​ရ​ကြ​ပါ​စေ​နှင့်။

15. ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-

16. ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​မြစ် များ​သွေ့​ခြောက်​သ​ဖြင့် အ​သီး​မ​သီး​နိုင် သော​အ​ပင်​နှင့်​တူ​၏။ သူ​တို့​တွင်​သား​သ​မီး များ​မ​ထွန်း​ကား​စေ​ရ။ အ​ကယ်​၍​သား သ​မီး​များ​ထွန်း​ကား​ခဲ့​သည်​ရှိ​သော်​သူ တို့​၏​ရင်​သွေး​များ​ကို​ငါ​သတ်​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

17. သူ​တို့​သည်​ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​စ​ကား​ကို​နား​မ​ထောင်​သော​ကြောင့် ကိုယ် တော်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ​မည်။ သူ တို့​သည်​အ​ခြား​နိုင်​ငံ​များ​တွင်​လှည့်​လည် နေ​ထိုင်​ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 9