ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 8:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-

2. ငါ့​အား​သူ​တို့​၏​ဘု​ရား​သ​ခင်​ဟူ​၍​လည်း ကောင်း၊ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဟူ​၍ လည်း​ကောင်း၊ သူ​တို့​သည်​ငါ့​ကို​သိ​သည် ဟူ​၍​လည်း​ကောင်း​ဆို​ကြ​သော်​လည်း၊-

3. သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။

4. ` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-

5. ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-

7. သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-

8. ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 8