ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 7:7-16 Common Language Bible (BCL)

7. ``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ဝက်​သာ​ကျက်​သော​မုန့်​နှင့်​တူ​၏။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​နိုင်​ငံ​များ ကို​အား​ကိုး​ကြ​၏။-

9. အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-

10. ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-

12. သို့​ရာ​တွင်​အ​ကူ​အ​ညီ​တောင်း​ရန်​သွား​နေ စဉ်​ငှက်​များ​ကို​ပိုက်​အုပ်​၍​ဖမ်း​သ​ကဲ့​သို့ ငါ​သည်​သူ​တို့​ကို​ဖမ်း​မည်။ သူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​အ​တွက်​ငါ​သည်​သူ​တို့​အား​ဒဏ် ခတ်​မည်။

13. ``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-

14. သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-

15. ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-

16. သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 7