ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 7:3-11 Common Language Bible (BCL)

3. ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​မိ​မိ​တို့ ၏​မ​ကောင်း​သော​ကြံ​စည်​မှု​များ​အား​ဖြင့် ဘု​ရင်​နှင့်​မင်း​မှု​ထမ်း​တို့​အား​လှည့်​စား ကြ​၏။-

4. သူ​တို့​အား​လုံး​သည်​သစ္စာ​ဖောက်​များ​ဖြစ် ကြ​၏။ မုန့်​ဖုတ်​သူ​သည်​မုန့်​ညက်​စိမ်း​အ​ဆင် သင့်​မ​ဖြစ်​မီ​မီး​ကို​မ​ဆွ​သ​ကဲ့​သို့ ထို​သူ တို့​၏​မုန်း​တီး​စိတ်​သည်​မုန့်​ဖို​ထဲ​ရှိ​ထို​မီး ကဲ့​သို့​တစ်​အုံ​နွေး​နွေး​ဖြစ်​၏။-

5. ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-

6. သူ​တို့​သည်​မုန့်​ဖို​မီး​ကဲ့​သို့​ပုန်​ကန်​လို​သော စိတ်၊ တောက်​လောင်​လျက်​ရှိ​ကြ​၏။ တစ်​ည​လုံး သူ​တို့​၏​အ​မျက်​ဒေါ​သ​စိတ်​သည်​တ​ငွေ့ ငွေ့​လောင်​လျက်​ရှိ​၏။ နံ​နက်​သို့​ရောက်​လျှင် မီး​ထ​တောက်​လေ​၏။

7. ``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ဝက်​သာ​ကျက်​သော​မုန့်​နှင့်​တူ​၏။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​နိုင်​ငံ​များ ကို​အား​ကိုး​ကြ​၏။-

9. အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-

10. ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 7