ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 6:4-7 Common Language Bible (BCL)

4. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-

5. ထို့​ကြောင့်​ငါ​သည်​ပ​ရော​ဖက်​များ​ကို​စေ လွှတ်​၍ သင်​တို့​ကို​တ​ရား​စီ​ရင်​မည့်​အ​ကြောင်း နှင့်​ပျက်​စီး​ဆုံး​ပါး​စေ​မည့်​အ​ကြောင်း​ကြား ပြော​စေ​ခဲ့​၏။-

6. ငါ​သည်​သင်​တို့​၏​ယဇ်​ကောင်​ပူ​ဇော်​ခြင်း​ကို အ​လို​မ​ရှိ၊ သင်​တို့​၏​မေတ္တာ​ကို​သာ​အ​လို​ရှိ ၏။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား​မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​ထက်​ငါ့​အား​သိ​ကျွမ်း​ခြင်း ကို​သာ​အ​လို​ရှိ​၏။''

7. ``သို့​ရာ​တွင်​သူ​တို့​သည်​ပြည်​တော်​ထဲ​သို့ ဝင်​ရောက်​လျှင်​ဝင်​ရောက်​ခြင်း ငါ​နှင့်​ပြု​လုပ် ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 6