ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 11:3-9 Common Language Bible (BCL)

3. သို့​ရာ​တွင်​ငါ​သာ​လျှင်​ဧ​ဖ​ရိမ်​ကိုလမ်း​လျှောက်​တတ်​ရန်​သင်​ပေး​ခဲ့​သူ​ဖြစ်​၍၊ ငါ​သည်​သူ​တို့​ကို​လက်​ဖြင့်​ပိုက်​ထွေး​ခဲ့​၏။သို့​သော်​လည်း​ငါ​သည်​သူ​တို့​အား​စောင့် ရှောက် ပြု​စု​ခဲ့​ကြောင်း​ကို​သူ​တို့​မ​သိ။

4. ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။သူ​တို့​ကို​ပါး​ချင်း​ကပ်​သည်​တိုင်​အောင်​ပွေ့​ချီ​၏။ငါ​သည်​ကိုယ်​ကို​ညွတ်​၍​သူ​တို့​ကို​ကျွေး​မွေး ပြု​စု​ခဲ့​၏။

5. ``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။-

6. သူ​တို့​၏​မြို့​များ​သည်​စစ်​ဘေး​စစ်​ဒဏ်​ကို ခံ​ရ​၍​မြို့​တံ​ခါး​တို့​သည်​ပြို​ပျက်​ကြ​လိမ့် မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​တိုင်း​ကျင့်​ကြံ​ကြ​သ​ဖြင့်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-

7. သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။

8. ``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။

9. ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 11