ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 10:5-15 Common Language Bible (BCL)

5. ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။-

6. ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။-

7. သူ​တို့​၏​ဘု​ရင်​သည် ရေ​ထဲ​တွင်​မျော​ပါ​သွား သော​သစ်​စ​ကဲ့​သို့​ဖမ်း​ဆီး​သွား​ခြင်း​ခံ​ရ မည်။-

8. အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။

9. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ဂိ​ဗာ​မြို့​တွင်​ကူး​လွန်​လျက်​ရှိ​သော ဒု​စ​ရိုက်​ကို​ဆက်​လက်​ကူး​လွန်​လျက်​ရှိ​ကြ ၏။ သို့​ဖြစ်​၍​ဂိ​ဗာ​မြို့​တွင်​စစ်​ဘေး​သည်​သူ တို့​ကို​မီ​လာ​လိမ့်​မည်။-

10. အ​ပြစ်​ကူး​လွန်​သော​ဤ​သူ​တို့​ကို တိုက်​ခိုက် ၍​ဆုံး​မ​မည်။ အ​ခြား​နိုင်​ငံ​များ​သည်​စု​ပေါင်း ၍​သူ​တို့​ကို​တိုက်​ခိုက်​သ​ဖြင့် သူ​တို့​သည်​မိ​မိ တို့​၏​များ​ပြား​သော​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ကြ​ရ​တော့​မည်။

11. ``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။-

12. ငါ​က`သင်​တို့​အ​တွက်​မြေ​ရိုင်း​ကို​ထွန်​ယက် ၍​တ​ရား​မျှ​တ​မှု​မျိုး​စေ့​ကို​ကြဲ​လော့၊ ငါ့ အား​သစ္စာ​စောင့်​ခြင်း​၏​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​လော့၊ သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ပြန်​လာ​ချိန်​ရောက်​ပြီ။ ငါ​သည်​လည်း ကြွ​လာ​၍​သင်​တို့​အား​ကောင်း​ကြီး​ပေး တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။-

13. သို့​ရာ​တွင်​သင်​တို့​သည်​ဒု​စ​ရိုက်​မျိုး​စေ့​ကို စိုက်​ပျိုး​၍​ဒု​စ​ရိုက်​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ကြ​၏။ သင်​တို့​သည်​မု​သား​၏​ဒု​စ​ရိုက် အ​သီး​အ​နှံ​ကို​စား​ကြ​ပြီ။``သင်​တို့​သည်​သင်​တို့​၏​စစ်​ရ​ထား​များ​နှင့် စစ်​သည်​အင်​အား​ကြီး​မား​ခြင်း​ကို​အား​ကိုး ကြ​ခြင်း​ကြောင့်၊-

14. စစ်​ပွဲ​တွင်​သင်​တို့​အား​ရန်​သူ​များ​တိုက်​ခိုက် ၍​သင်​တို့​၏​ခံ​တပ်​များ​ပြို​ပျက်​ကုန်​ကြ​လိမ့် မည်။ ရှာ​လ​မန်​ဘု​ရင်​စစ်​ချီ​၍​ဗေ​သာ​ဗေ​လ မြို့​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သော​အ​ခါ မိ​ခင် နှင့်​က​လေး​များ​သတ်​ဖြတ်​သုတ်​သင်​ခြင်း ခံ​ရ​ကြ​၏။-

15. ဗေ​သ​လ​မြို့​သား​တို့၊ သင်​တို့​သည်​ကြီး​လေး သော​ဒု​စ​ရိုက်​ကို​ကူး​လွန်​ခဲ့​သ​ဖြင့် ထို​ကဲ့ သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​နှင့်​ကြုံ​ရ​လိမ့် မည်။ စစ်​ပွဲ​စ​လျှင်​စ​ခြင်း​ဣ​သ​ရေ​လ​ဘုရင် ကျ​ဆုံး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 10