ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟော​ရှေ 10:1-8 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​သီး​များ စွာ​သီး​သော​စ​ပျစ်​နွယ်​ပင်​နှင့်​တူ​၏။ သူ​တို့ သည်​စီး​ပွား​တိုး​တက်​လာ​သည်​နှင့်​အ​မျှ ယဇ်​ပလ္လင်​များ​စွာ​ကို​တည်​ဆောက်​ကြ​၏။ အ​သီး​အ​နှံ​ပေါ​များ​လာ​သည်​နှင့်​အ​မျှ သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ပို​၍​လှ​ပ​စွာ​တန်​ဆာ​ဆင်​ကြ​၏။-

2. သူ​တို့​၏​စိတ်​နှ​လုံး​သည်​မ​စစ်​မှန်​သ​ဖြင့် ယ​ခု​ပင်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ၍​သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ဖျက်​ဆီး​တော်​မူ​မည်။

3. မ​ကြာ​မီ​၌​ပင်​ဤ​သူ​တို့​က``ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကြောက်​ရွံ့​သော​ကြောင့် ငါ​တို့​၌​ဘု​ရင်​မ​ရှိ၊ ဘု​ရင်​ရှိ​သည့်​တိုင် အောင်​သူ​သည်​ငါ​တို့​အ​တွက်​မည်​သို့​ဆောင် ရွက်​ပေး​နိုင်​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။-

4. ရှင်​ဘု​ရင်​တို့​သည်​အ​ကျိုး​မဲ့​စကား​ကို​ပြော ၍​မ​မှန်​သော​က​တိ​ကို​ပေး​ကာ၊ အ​သုံး​မ​ကျ သော​သ​ဘော​တူ​ညီ​ချက်​များ​ရ​ယူ​ကြ​၏။ က​တိ​သစ္စာ​မ​တည်​ကြ၊ ထွန်​ယက်​ထား​သော လယ်​တွင်​အ​ဆိပ်​ပင်​ပေါက်​ပွား​သ​ကဲ့​သို့ တိုင်း ပြည်​တွင်​တ​ရား​မျှ​တ​မှု​အ​စား​မ​တ​ရား မှု​ကြီး​စိုး​လျက်​ရှိ​၏။

5. ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။-

6. ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။-

7. သူ​တို့​၏​ဘု​ရင်​သည် ရေ​ထဲ​တွင်​မျော​ပါ​သွား သော​သစ်​စ​ကဲ့​သို့​ဖမ်း​ဆီး​သွား​ခြင်း​ခံ​ရ မည်။-

8. အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟော​ရှေ 10