ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 19:4-9 Common Language Bible (BCL)

4. စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။

5. မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။

6. များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။

7. ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။

8. ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။

9. မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 19