13. ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။
14. ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
15. ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
16. ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
17. နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
18. အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
19. စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
20. ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။
21. ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။