ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 8:26-36 Common Language Bible (BCL)

26. ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-

27. သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။-

28. ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-

29. ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။

30. ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။

31. ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-

32. ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။

33. သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။-

34. သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။-

35. သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။-

36. သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 8