ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 7:7-22-23 Common Language Bible (BCL)

7. အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

8. မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

9. မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-

10. သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။

11. ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-

12. တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-

13. ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။-

14. မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။-

15. မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။

16. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-

17. သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-

18. အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-

19. ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-

20. မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-

21. ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။

22-23. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 7