ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 6:6-18 Common Language Bible (BCL)

6. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

7. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။

8-9. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့​ရာ​ယဇ် နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ မီး​ရှို့​ရာ​ယဇ်​ကောင် ကို​ယဇ်​ပလ္လင်​ပေါ်​တွင် တစ်​ည​လုံး​ရှိ​စေ​ရ​မည်။ ယဇ်​ပလ္လင်​မီး​ကို​လည်း​အ​စဉ်​တောက်​လောင် နေ​စေ​ရ​မည်။-

10. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပိတ်​ချော အ​ပေါ်​ရုံ​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​တို့​ကို ဝတ်​ဆင်​၍​ယဇ်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​မှ ကျွမ်း​လောင်​သော​ပြာ​ကို​ပလ္လင်​ဘေး​တွင် ထား​ရ​မည်။-

11. ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-

12. ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မှ​မီး​မ​ငြိမ်း​စေ​ရ။ ယဇ် ပု​ရော​ဟိတ်​သည်​နံ​နက်​တိုင်း​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​တင်​၍ မီး​ရှို့​ရာ​ယဇ်​ကို​ထင်း​ပုံ​ပေါ်​တွင် စီ​၍​တင်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မိတ် သ​ဟာ​ယ​ယဇ်​၏​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

13. ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မျှ​မီး​မ​ငြိမ်း​စေ​ရ။

14. ဘော​ဇဉ်​သကာ​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ရုန်​၏ အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​သည် ယဇ် ပလ္လင်​ရှေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ဘော​ဇဉ် သ​ကာ​ကို​ပူ​ဇော်​ရ​မည်။-

15. ဘော​ဇဉ်​သ​ကာ​အား​လုံး​ကို​ပူ​ဇော်​သည့် အ​ထိမ်း​အ​မှတ်​အ​ဖြစ် ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​လက်​တစ်​ဆုပ်၊ ဆီ​အ​နည်း​ငယ်​နှင့် တ​ကွ​အ​မွှေး​အ​ကြိုင်​ကို​ယူ​၍ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ဘော​ဇဉ် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။-

16-17. ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

18. အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 6