ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 6:1-7 Common Language Bible (BCL)

1. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​၏။-

2. တစ်​စုံ​တစ်​ယောက်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တစ်​ဦး​က အပ်​နှံ​ထား​သော​အာ​မ​ခံ ငွေ​ကို​ပြန်​ပေး​ရန်​ငြင်း​ဆို​လျှင်​သော်​လည်း ကောင်း၊ သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​ခိုး ယူ​ခြင်း​သို့​မ​ဟုတ်​သူ့​အား​လိမ်​လည်​လှည့် ဖြား​ခြင်း​ပြု​လျှင်​လည်း​ကောင်း၊-

3. သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။-

4-5. ထို​အ​ပြစ်​များ​အ​နက်​တစ်​မျိုး​မျိုး​ကို​ကူး လွန်​သူ​သည်​မ​တ​ရား​သ​ဖြင့် ယူ​ထား​သ​မျှ ကို​ပြန်​၍​ပေး​အပ်​ရ​မည်။ သူ​၌​အ​ပြစ်​ရှိ ကြောင်း​သိ​ရ​သည့်​နေ့​၌ မိ​မိ​ယူ​ထား​သော ငွေ​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို​ဆောင်း ၍​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။-

6. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

7. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 6