အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 3 Common Language Bible (BCL)

မိတ်​သ​ဟာ​ယ​ယဇ်

1. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။-

2. ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

3-4. ထို့​နောက်​နွား​၏​ဝမ်း​တွင်း​သား​များ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို​ထာ ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-

5. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။

6. သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။-

7. သိုး​ကို​ပူ​ဇော်​သူ​သည်၊

8. တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

9-10. ထို့​နောက်​သိုး​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း တွင်း​သား​များ​မှ​ရှိ​သ​မျှ​အ​ဆီ၊ ကျောက်​ကပ် များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ရ​မည်။-

11. တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။

12. ဆိတ်​ကို​ပူ​ဇော်​သူ​သည်။-

13. တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

14-15. ထို့​နောက်​ဝမ်း​တွင်း​သား​များ​မှ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။-

16. ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ အ​ဆီ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ဆိုင်​၏။-

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။