ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 26:22-34-35 Common Language Bible (BCL)

22. ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။

23. ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-

24. ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

25. သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-

26. ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။

27. ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ့​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-

28. ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

29. သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-

30. ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-

31. သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။-

32. ငါ​သည်​သင်​တို့​၏​ပြည်​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ် သ​ဖြင့် သင်​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​သော​ရန်​သူ တို့​ပင်​လျှင်​ထိတ်​လန့်​ကြ​လိမ့်​မည်။-

33. ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-

34-35. ထို​အ​ခါ​သင်​တို့​ယ​ခင်​က​အ​နား​မ​ပေး​ခဲ့ သော​မြေ​သည် ယ​ခု​အ​နား​ရ​လိမ့်​မည်။ သင်​တို့ သည်​ရန်​သူ​၏​နိုင်​ငံ​တွင်​နေ​ထိုင်​ရ​စဉ် သင်​တို့ ၏​ပြည်​သည်​လူ​သူ​ကင်း​မဲ့​မည်​ဖြစ်​၍​အ​နား ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 26