19. သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။-
20. သင်တို့၏မြေမှအသီးအနှံမထွက်၊ သစ်သီး အပင်များမှအသီးမသီးသဖြင့် သင်တို့ကြိုး ပမ်းလုပ်ကိုင်သမျှတို့သည်အချည်းနှီးသက် သက်ဖြစ်ရလိမ့်မည်။
21. ``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
22. ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
23. ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ၏ စကားကိုနားမထောင်ဘဲနေသေးလျှင်၊-
24. ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
25. သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
26. ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
27. ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
28. ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-