ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 26:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-

2. ဘာ​သာ​ရေး​ပွဲ​တော်​များ​ကို​ကျင်း​ပ​၍ ငါ့ အား​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ကို​ရို​သေ​ရ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။''

3. ``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊-

4. ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-

5. အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

6. ``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။-

7. သင်​တို့​သည်​ရန်​သူ​များ​ကို​နှိမ်​နင်း​အောင်​မြင် ရ​လိမ့်​မည်။-

8. သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 26