ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 23:30-44 Common Language Bible (BCL)

30. ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-

31. သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-

32. ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။

33-34. သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-

35. ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။-

36. ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။

37. (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။-

38. ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။)

39. သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။-

40. ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-

41. ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။-

42-43. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။

44. သို့​ဖြစ်​၍​မော​ရှေ​သည်​ဤ​နည်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည့်​ပွဲ​တော်​များ​နှင့်​ဆိုင်​သော ပ​ညတ်​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ပြ​ဋ္ဌာန်း​ပေး​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 23