ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 22:25-32 Common Language Bible (BCL)

25. လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။

26-27. သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။-

28. နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-

29. သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

30. ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

31. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

32. ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 22