ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 22:17-18-30 Common Language Bible (BCL)

17-18. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား​အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ နိုင်​ငံ​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ကတိ​သစ္စာ​အ​လျောက်​သော်​လည်း​ကောင်း၊ စေ တ​နာ​အ​လျောက်​သော်​လည်း​ကောင်း​မီး​ရှို့ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​အ​ခါ​ယဇ်​ကောင်​၌ အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ၊-

19. အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊-

20. သင်​တို့​သည်​အ​နာ​အ​ဆာ​ရှိ​သော​ယဇ်​ကောင် ကို​ပူ​ဇော်​လျှင် ငါ​လက်​ခံ​မည်​မ​ဟုတ်၊-

21. တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

22. မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-

23. ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-

24. ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။

25. လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။

26-27. သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။-

28. နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-

29. သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-

30. ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 22