ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 20:19-27 Common Language Bible (BCL)

19. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-

20. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဘ​ကြီး၊ ဘ​ထွေး​၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ​သည်​ဘ​ကြီး၊ ဘ​ထွေး​၏​အ​သ​ရေ​ကို​ဖျက်​သော​ကြောင့်​သူ​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်။ နှစ်​ဦး​စ​လုံး​သား​သ​မီး​များ​မ​ရ​ဘဲ​နေ​လိမ့်​မည်။-

21. တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ညီ​အစ်​ကို​၏​မ​ယား​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​သည်​သား​သ​မီး​မ​ထွန်း​ကား​ဘဲ​ရှိ​ကြ​လိမ့်​မည်။ သူ​သည်​ဘာ​သာ​တ​ရား​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သော​အ​မှု​ကို​ပြု​၍​မိ​မိ​ညီ​အစ်​ကို​၏​အ​သ​ရေ​ကို​ဖျက်​၏။

22. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။-

23. ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-

24. အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-

25. သို့​ဖြစ်​၍​သင်​တို့​သည်​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်၊ မ​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​သေ​ချာ​စွာ​ခွဲ​ခြား​သတ်​မှတ်​ရ​မည်။ မ​သန့်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​မ​စား​ရ။ ငါ​သည်​ယင်း​တို့​ကို​မ​သန့်​ဟု​သတ်​မှတ်​ထား​သ​ဖြင့်​ထို​သတ္တ​ဝါ​တို့​၏​အ​သား​ကို​စား​လျှင်​သင်​တို့​သည်​ညစ်​ညမ်း​လိမ့်​မည်။-

26. ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​၍​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။ သင်​တို့​အား​ငါ​ရွေး​ချယ်​သ​ဖြင့်​ငါ​ပိုင်​၏။ ငါ​သာ​လျှင်​သင်​တို့​ကို​ပိုင်​ရန်​အ​တွက် သင်​တို့​အား​လူ​မျိုး​တ​ကာ​မှ​ငါ​သီး​သန့်​ရွေး​ချယ်​တော်​မူ​ပြီ။

27. ``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 20