ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:8-12 Common Language Bible (BCL)

8. ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-

9. ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။-

10. ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

11. ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

12. ရိ​နာ​စွဲ​သော​သူ​ကိုင်​မိ​သော​မြေ​အိုး​မြေ ခွက်​ကို​ခွဲ​ပစ်​ရ​မည်။ သူ​ကိုင်​မိ​သော​သစ်​သား အိုး​သစ်​သား​ခွက်​ကို​ရေ​နှင့်​ဆေး​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15