ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:27-33 Common Language Bible (BCL)

27. ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

28. အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

29. အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-

30. ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ငှက်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ခြား​ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး သ​မီး​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။

31. ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။

32. ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊-

33. ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15